ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း

Last Updated:

ယခင်သီတင်းပတ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်ဖြင့် အတက်အကျမရှိတည်ငြိမ်နေပြီး သီတင်းပတ်နောက်ဆုံးရက်များတွင် ကျပ် ၃၀၀၀၀ အောက်ကျဆင်းသွားသည်။ စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ထိ မတ်ပဲတစ်တင်းလျှင် ကျပ် ၂၉၈၀၀ တွင် အကျဈေးဖြင့်ဆက်လက်တည်ရှိနေပြီး ၁၅ ရက်နေ့တွင် ကျပ် ၃၁၅၀၀ သို့ ပြန်တက် လာခဲ့သည်။ ၁၆ ရက်နေ့တွင် ကျပ် ၃၂၀၀၀ ဖြစ်သောကြောင့် မတ်ပဲဈေးသည် အတက်ဘက်သို့ ပြန်လည်ရောက်ရှိလာနေကြောင်းတွေ့ရပြီး ယခင်သီတင်းပတ်ကာလနှင့် နှိုင်းယှဉ်လျှင် ကျပ် ၂၀၀၀ ခန့် တက်လာသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှမတ်ပဲတင်သွင်းခွင့်ကာလကို ထပ်တိုးသတ်မှတ်ပေးခြင်းမရှိသေး သော်လည်း လက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး အဓိက စိုက်ပျိုးရေးပြည်နယ် (၇)ခုတွင် ရေကြီးနစ်မြုပ်မှုများကြောင့် မိုးသီးနှံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် လျှက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းပဲဈေးနှုန်းနှင့် ကြက်သွန်ဈေးနှုန်းများမြင့်တက်လာသည်။ တင်သွင်း ခွင့်ကာလထပ်တိုးသတ်မှတ်ပေးခြင်းမရှိသေးသော်လည်း ဝယ်ယူတင်သွင်းမှုများရှိနေသေးသောကြောင့် မြန်မာ့မတ်ပဲဈေးဆက်လက်တက်လာမည်ဟု ခန့်မှန်းလျှက်ရှိကြောင်း သိရသည်။